• အကောင်းဆုံးရလဒ်များအတွက် အာမခံမှု
  • ထိုင်းဗီဇာနှင့် အလုပ်ပါမစ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုများအားလုံး တစ်နေရာထဲတွင် ရနိုင်ခြင်း
  • ကျွန်တော်တို့၏အတွေ့အကြုံရှိ ဝန်ထမ်းများမှ ထိုင်းနိုင်ငံဗီဇာနှင့် အလုပ်ပါမစ်များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ခြင်း

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါ Line App မှတဆင့် သို့မဟုတ် ဖုန်း ၀၂၇၉၂၉၂၉၂ ကိုဆက်သွယ်နိုင်ပါသည်။ ‌သို့မဟုတ် အောက်ပါဇယားကွက်ထဲတွင် လူကြီးမင်း၏ နာမည်၊ အီးမေးလ် နှင့် ဖုန်းနံပါတ်များ ဖြည့်သွင်းပေးပို့ထားပါက ကျွန်တော်တို့ဘက်မှ ပြန်လည်ဆက်သွယ်ပေးပါမည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများအတွက် အလုပ်ဗီဇာ (Non-B visa) သက်တမ်းတိုး ဝန်ဆောင်မှု

ထိုင်းနိုင်ငံတွင်း ကုမ္ပဏီတွင် ဆက်လက်လုပ်ကိုင်နိုင်ရန် သို့မဟုတ် စီးပွားရေးအရ ဆက်လက်နေထိုင်ဖို့ လိုအပ်သူများအတွက် အလုပ်ဗီဇာ (Non-B visa) သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးနေပါသည်။ နိုင်ငံခြားသားများ အနေဖြင့် ၎င်းတို့၏အလုပ်ပါမစ် ရပြီး သို့ သက်တမ်းတိုးပြီးပါက အလုပ်ဗီဇာကို ဆက်လက်သကတမ်းတိုးနိုင်ပြီး လူဝင်မှုကြီးကြပ်ရေးမှ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ထိုင်းနိုင်ငံတွင် နောက်ထပ် ၁နှစ် ဆက်လက်နေထိုင်ခွင့်ရပါမည်။ 


ဝန်ဆောင်ခ

  • ဘတ် ၁၂၀၀၀ မှစ၍ (စာရွက်စာတမ်း ပြည့်စုံမှုနှင့် လိုအပ်ချက်များအပေါ်မူတည်ပါသည်)

လုပ်‌ဆောင်ရမည့် အဆင့်ဆင့်ကို အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပေးခြင်း


သတ်မှတ်ချက်များ

  • အလုပ်ဗီဇာသက်တမ်းတိုးရန် လျှောက်ထားပါက သက်တမ်းတိုးခြင်းကို ခွင့်ပြုရန် စောင့်ဆိုင်းကာလအတွင်း ဆက်လက်နေထိုင်ခွင့် ရက်၃၀ကို ဦးစွာပေးပါသည်။ ထို ရက်၃၀ ပြည့်တော့မည်ဆိုလျှင် သက်တမ်းတိုးခွင့်ပြုခွင့်ရရန် နိုင်ငံကူးလက်မှတ်ကို သွား၍တင်ထားပေးရပါမည်။ သက်တမ်းတိုးခွင့်ရပါက အလုပ်ဗီဇာသက်တမ်း ၁ နှစ်ကိုထုတ်ပေးပြီး သက်တမ်းတိုးခွင့် မရရှိသေးပါက နောက်ထပ် ရက်၃၀ကို သက်တမ်းတိုးခွင့်ပြုချက် စောင့်ဆိုင်းကာလအဖြစ် ထပ်ပေးမည် ဖြစ်သည်။
  • အလုပ်ဗီဇာသက်တမ်း ၁နှစ်ရရှိပြီးပါက ထိုင်းနိုင်ငံအတွင်း ရက်၉၀ ဆက်လက်နေထိုင်နိုင်ပြီး ၎င်းရက်၉၀ကျော်ပါက ထိုင်းလူဝင်မှုကြီးကြပ်ရေးထံသို့ နေထိုင်ခွင့်ကို သတင်းပို့ အကြောင်းကြားရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံပြင်ပသို့ သွားရောက်ရန်လိုပါက နိုင်ငံတွင်းပြန်လည်ဝင်ခွင့်(Re-Entry Permit)ကို လျှောက်ထားပြီးမှသာ ထိုင်းနိုင်ငံပြင်ပသို့ သွားရပါမည်။ ထိုမှသာ ရရှိပြီးသား အလုပ်ဗီဇာ သက်တမ်းပျက်မသွားပဲ ဆက်လက်နေထိုင်ခွင့် ရမည်ဖြစ်သည်။ မဟုတ်လျှင် အလုပ်ဗီဇာ သက်တမ်းပျက်ပြယ်သွားကာ ထိုင်းနိုင်ငံပြန်ဝင်လာချိန်တွင် အလည်ဗီဇာအမျိုးအစား သို့ပြောင်းလဲသွားလိမ့်မည်။

လိုအပ်သောစာရွက်စာတမ်းများ

ကုမ္ပဏီဝန်ထမ်းထံမှ လိုအပ်သောစာရွက်စာတမ်းများ

  • ၄ x  ၆ စင်တီမီတာ ဓာတ်ပုံတစ်ပုံ
  • မူရင်း ပတ်စပို့နှင့် ပတ်စပို့ စာမျက်နှာတိုင်းရဲ့မိတ္တူ
  • အလုပ်ပါမစ်နှင့် စာမျက်နှာတိုင်းရဲ့မိတ္တူ
  • မနှစ်မှ ဆောင်ထားသော ကိုယ်ပိုင် ဝင်ငွေခွန်စာရွက်

ကုမ္ပဏီနှင့် အလုပ်ရှင်ထံမှ လိုအပ်သောစာရွက်စာတမ်းများ

  • ST.1 လျှောက်လွှာစာရွက်
  • နိုင်ငံခြားသား ခန့်ရန်လိုအပ်ကြောင်းနှင့် ဗီဇာလျှောက်ထားခွင့် ပေးပို့စာ
  • အလုပ်ခန့်အပ်စာ
  • ကုမ္ပဏီမှတ်ပုံတင်လိုင်စင်
  • ကုမ္ပဏီအဖွဲ့ဝင်စာရင်း
  • P.K.0401 လျှောက်လွှာစာရွက်
  • ကုမ္ပဏီအခွန်စာရင်း
  • ကုမ္ပဏီအရှုံးအမြတ်စာရင်း
  • ကုမ္ပဏီတာဝန်ရှိသူတစ်‌‌ယောက်၏ မှတ်ပုံတင်မိတ္တူ
  • ထိုင်းနှင့် နိုင်ငံခြားသား ဝန်ထမ်းများ၏ လွန်ခဲ့သော ၃လမှ ကိုယ်ပိုင်ဝင်ငွေခွန်စာရင်း
  • ကုမ္ပဏီတည်နေရာမြေပုံ
  • ကုမ္ပဏီအဆောက်အဦး၊ ဘေးပတ်ဝန်းကျင်၊ ကုမ္ပဏီဆိုင်းဘုတ်နှင့် တည်နေရာကို ရိုက်ပြထားသော ဓာတ်ပုံ ၆ပုံ ၇ပုံ၊ ထိုင်းဝန်ထမ်းများနှင့် အတူတွဲရိုက်ထားသော နိုင်ငံခြားသားဝန်ထမ်း၏ ဓာတ်ပုံ ၂ပုံ ၄ပုံ
  • ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်ခွင့်၏ သတ်မှတ်ချက်များကို သိရှိကြောင်းအသိအမှတ်ပြုစာ
  • ရက်ကျော်နေထိုင်ခွင့်မရှိသည်ကို သိရှိကြောင်းအသိအမှတ်ပြုစာ
  • မိသားစုများပါ ထိုင်းနိုင်ငံတွင် လိုက်ပါနေထိုင်မည် ဆိုပါက မိသားစုတော်စပ်ကြောင်း သက်သေစာရွက်စာတမ်းများကိုပါ တင်ပြပေးရပါမည်။

เงื่อนไขสินค้า

อัตรานี้รวม

  • เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา
  • เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา
  • เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา

อัตรานี้ไม่รวม

  • เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา
  • เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา
  • เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา

อื่นๆ

  • เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา
  • เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา
  • เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา เนื้อหา

แชร์ สินค้านี้

TRIP INFORMATION

ลงทะเบียนรับข่าวสาร WonderfulPackage วันนี้!

รับสิทธิพิเศษและส่วนลดมากมาย เหนือกว่าใคร!